Tuesday, 27 March 2012

ဇရပ်အိုကြီးပါ


တစ်ချိန်က

ငါ့ ကိုမှ ချစ်ပါတယ်ဆိုတဲ့ မင်း

ပြောင်းလဲခြင်းကို လက်မှာကိုင်

အတိတ်ကိုမေ့ပြီး အနာဂါတ်ထဲမှာ

အသစ်ဆိုတဲ့အရာအတွက် ရင်ခွင်ဟောင်းကို

နင်းချေခဲ့ပြီပေါ့လေ့

ရှင်သန်ခဲ့တဲ့ နှလုံးသားတစ်စုံကို

နားလည်မှုမပေးနိုင်ခဲ့ရင်တောင့့်

ပြင်းထန်တဲ့ စကားလုံးတွေနဲ့တော့

ဖောက်ခွဲ မပစ်လိုက်ပါနဲ့ဟာ့

မင်းရဲ့ ရင်ခုန်သံအသစ်အတွက်

လွတ်လပ်စွာ ပျံသန်းပါတော့ ကောင်မလေးရယ့်

ဒီရင်ခွင်ဟာ မင်းအတွက်တော့ ဇရပ်အိုကြီးပါ။

0 comments:

Post a Comment