Thursday 3 May 2012

အတုယူကြပါ ညီမလေးတို့ရယ်....

စာထဲမှာတစ်ခါဖတ်ဖူးတယ် သူ့ကျွန်ဘဝဖမ်းဆီးခံရချိန် .... တိုင်းတစ်ပါးမှာ မျက်နှာဖြူအရာရှိတွေက သူ့တပည့်တွေကို မိန်းမလိုချင်တာများ ဟော ဟိုထဲမှာ မြန်မာနန်းတွင်းသူတွေရှိနေတာပဲလို့ ဟာသလုပ်ပြီးပြောတာကိုကြားလိုက်တာနဲ့ နံရံကလက်သုံးတော်ဓားကိုထဆွဲထုတ်ခဲ့တဲ့ မိဘုရားခေါင်ကြီးစုဖုရားလတ်ဟာ ပါတော်မူလက်ထက်က မိဘုရားတစ်ပါးဖြစ်ခဲ့ပေမယ့် မြန်မာမိန်းမသားတစ်ယောက်ရဲ့ သိက္ခာတရား မာန်မာနနဲ့ သတ္တိကိုထင်ရှားစေခဲ့သူပါ ဒါတွေကို မြန်မာအမျိုးသမီးတွေ အတုယူသင့်ပါတယ် ... အားနွဲ့တယ်ဆိုပြီး ကိုယ့်စိတ်ဓာတ်ကိုယ်နှိမ့်ချဖို့မလိုပါဘူး ... မာန သိက္ခာ အရှက်တရားကိုထိပါရင် စုဘုရားလတ်လက်သုံးတော်ဓားဆွဲထုတ်သလို ဆွဲထုတ်ရင်ဆိုင်ရပါလိမ့်မယ် ... ဒါမှမြန်မာ့အမျိုးသမီးစိတ်ဓာတ်ဖြစ်ပါတယ်
အထက်ပါပြယုဂ်က စုဘုရားလတ်ရဲ့ဂူဖြစ်ပါတယ်။ 

အတုယူသင့်သည်ကို အတုယူ၍ အတုမခိုးသင့်သောအရာကို အတုမခိုးမိကြပါစေနဲ့လို့ ဆုတောင်းလျက်

0 comments:

Post a Comment