Sunday, 18 March 2012

ခေတ်သစ်၏ အဇာတသတ်

အကိုတစ်ယောက် facebook ၌တင်ထားသောပို့လ်လေးဖြစ်ပါသည် ဖတ်သင့်သည်ထင်၍တင်ထားခြင်းဖြစ်သည်။
ခေတ်သစ် အဇာတသတ်.........

ကျနော် အိမ်ဘေးနားကို မိသားစုတစ်စုပြောင်းလာတယ်။ သူတို့ကဆိုင်ကယ်အပို ပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ထားကြတယ်။ သူတို့နဲ့အတူ အိမ်ပြောင်းလာတော့ အဘွားအိုတစ်ယောက်ပါလာတယ်။ ကျနော် ရေခပ်တိုင်း၊ ခြံကကပ်နေတော့ သူတို့ အိမ်ဘက်ကိုမြင်နေရတယ်လေ။ ကျနော်ကြည့်လိုက်တိုင်း အဘွားအို ကိုပဲအိမ်နောက်ဘက်မှာ တုန်တုန်ချည့်နဲ့ နေတဲ့လက်တွေနဲ့ အ၀တ်တွေလျှော်နေတာကိုပဲ တွေ့ရတာများတယ်။ တစ်နေ့တော့ ကျနော်မနေနိုင်တော့ဘူး “ အဘွား အိမ်မှာ အ၀တ်လျှော်မယ့် သူတွေမရှိဘူးလားလို့” မေးတော့ “ ငါမြေးရယ် အိမ်မှာ သမီးနဲ့ သားမက် ပဲရှိတယ် သူတို့ကမအားကြဘူးလေ” လို့ပြောတော့ “ကျနော် အဘွား အ၀တ်တွေကို ကူလျှော်ပေးပါရစေလို့” ပြောပြီးကျနော် လျှော်ပေးခဲ့ပါသေးတယ်။
နောက်ပိုင်းတော့ ကျနော် သင်တန်း(၁)နှစ်လောက်၊ သွားတတ်ရပါတယ်။ ကျနော် ရန်ကုန်ပြန်ရောက်တော့ အိမ်ဘေးနားက အဘွားအို ကိုမတွေ့ရတော့ပါဘူး။ ကျနော် အမတွေကိုမေးကြည့်တော့ အဘွားအိုဆုံးသွားပြီးတဲ့လေ....။ကျနော် စိတ်ထဲမကောင်းဖြစ်သွားလိုက်တာ။ အမတွေကိုမေးကြည့်တော့ သူ့သမီးနဲ့ သားမက် နှိပ်စက်လို့ သေသွားတာတဲ့။ ကျနော် အရမ်းအံ့သြသွားတယ်။ ကျနော်ရှိနေတဲ့ အချိန်တုန်းက အဘွားအိုကို နှိပ်စက်တာမှမတွေ့ရတာ။ ဘယ်လိုတွေနှိပ်စက်လို့ သေသွားတာလဲလို့ အမကိုမေးတော့၊ အမကပြောပြတယ်။ အဘွားအို ဟာနေ့တိုင်း သမီးနဲ့ သားမက် မရှိတဲ့ အချိန်တွေမှာမှ သူ့ရဲ့ အင်္ကျီတွေကို မသိအောင်လျှော်ရတာတဲ့၊ အသက်ကြီးတော့ ဆီး၊၀မ်း မနိုင်တာတွေဖြစ်တော့ အ၀တ်တွေမှာပေတတ်တာပေါ့။ ဒါကို သမီးနဲ့ သားမက်က အိမ်မှာ ညစ်ပတ်လို့ကတော့ အိမ်ပေါ်မှာမနေနဲ့ အိမ်အောက်မှာနေလို့ပြောတယ်တဲ့၊ အဘွားအိုဟာ သမီးနဲ့ သားမက်မသိအောင်လို့ သူတို့သွားချိန်မှ အ၀တ်လေးတွေကို တိတ်တိတ်လေးလျှော်ခဲ့တာ။ နောက်တော့ ကျမ်းမာရေးမကေင်းဖြစ်လာတယ်တဲ့၊ အဲ့ဒီအချိန်တွေမှာ ဆေးမကုပေးတဲ့ အပြင် အမေကို ဆဲဆိုကြိမ်းမောင်းပြီး အိမ်နောက်ဘေးက ဂိုထောင်အပျက်လေးထဲမှာ ပြစ်ထားကြတယ်တဲ့၊ ထမင်းစားချိန်ဆို ကော်ဗလုံထဲမှာ ထည့်ပြီး ဂိုထောင်ပေါက်ဝမှာ သွားချထားတယ်။ အဘွားအိုဟာ ၀ါးကွပ်ပြစ်လေးပေါ်မှာ ဝေဒနာကို ခံစားနေခဲ့ရတယ်။ အဲ့အချိန်ကဆို အိမ်နီးနားတွေက မနေနိုင်လို့ သွားပြီးပြုစုကြရင် အဘွားအို ကိုပိုနှိပ်စက်လို့နောက်ပိုင်း ဘယ်သူမှ မသွားရဲကြတော့ဘူးတဲ့။ ညဘက်ဆို ချမ်းတော့ အဘွားအိုက ညည်းရင်တောင် အိမ်ပေါ်ကနေ ရေနဲ့လှမ်းပတ်ပါတယ်။ နောက်တော့ အဘွားအို ဟာအိပ်ယာပေါ်မှာ အချိန်ကြာကြာနေရတော့ ကျောမှာ အပူနာတွေပေါက်တော့ အနာတွေဖြစ် အရမ်းစိုးဝါးတဲ့ဝေဒနာတွေကို ခံစားရပြီးသေသွားခဲ့ရတာတဲ့။ အမပြောတာတွေကိုနားထောင်ရင်း ကျနော် မျက်လုံးကထွက်တဲ့မျက်ရည်ထက် ရင်ထဲမှာမကောင်းတာကပိုတယ်ဗျာ။အရမ်းခံစားရတယ်။ ရက်စက်လိုက်ကြတာဗျာ၊ ကိုယ့်ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှသစ် လူဖြစ်အောင်ကျွေးမွေးခဲ့တဲ့ အမေကို အခုလိုမျိုးလုပ်ရက်တဲ့ သားသမီးတွေကို ကျနော်အရမ်းအံ့သြသွားတယ်။ နောက်ပြီး မိဘအပေါ် မကောင်းတာတောင်မှ သား၊သမီးတွေကို အပြစ်မမြင်ခဲ့ရှာဘူး။ ပတ်ဝန်းကျင်က အပြစ်မမြင်အောင် အပြုံးမပျက်ကာကွယ်ပြောသွားခဲ့တယ်။ အဘွားအိုတစ်ယောက် ဝေဒနာထက် နှလုံးသားမှာ ဘယ်လောက်အထိခံစားသွားရမလဲ ဆိုတာတော့ ကျနော် တွေးကြည့်တာတော့ ရင်ထဲမှာ မခံစားနိုင်အောင်ဖြစ်ရပါတယ်။
ကျနော် တို့ မိဘတွေကို မသေခင်အချိန် အထိကျနော်တို့ မောင်နှမ ကောင်းကောင်းပြုစုနိုင်ခဲ့ပါတယ်။ ဒါတောင်ကျနော်တို့ မိဘကျေးဇူးကို ကျေပြီလို့ မဟစ်ကြွေးရဲခဲ့ပါဘူး။ ကျနော်ပြောချင်တာတော့
မိဘ သက်ရှိထင်ရှားရှိချိန်တွေ မှာမိဘကျေးဇူးကို ဆပ်နှိုင်သော သားသမီးကောင်းတွေဖြစ်အောင် နေနိုင်ကြပါစေလို့ ..................။

Ps. (ကိုယ်တွေ့ အဖြစ်မှန်လေးပါ)

0 comments:

Post a Comment