Showing posts with label ခရီးသွား. Show all posts
Showing posts with label ခရီးသွား. Show all posts

Monday, 26 March 2012

မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခရီးသွား မှတ်တမ်း ဓာတ်ပုံများ (၁)



15.2.2012 ရက်နေ့က အလုပ် အားတာနဲ့ မလေးရှားနိုင်ငံ ပီနန်မြို့သို့ လေ့လာရေး ခရီးထွက်ဖြစ်ပါတယ်။ အလုပ်အားတာက ကျွန်တော်ရဲ့ အစ်မ ဗုဒ္ဓဂါယာ ကိုဘုရားဖူးသွားလို့ ကျွန်တော်လည်း ဆိုင်မှာ တစ်ယောက်တည်း နေရတာ ပျင်းတာလည်း ပါတယ်ပေါ့။

ပြီးတော့ ပီနန်မြို့ကိုလည်း မရောက်ဖူး သေးတော့ အလည် ခရီး ထွက်ခဲ့ဖြစ်ပါတယ်။ 15.2.2012 နေ့လည် ၃ နာရီ အချိန်မှာ ကေအယ်ကနေ ပီနန်မြို့သို့ ကားနဲ့ သွားဖြစ်တယ်။

ည ၈ နာရီ ပီနန်သို့ ရောက်တဲ့ အချိန်မှာ ကျွန်တော်ရဲ့ ညီလေး နှစ်ယောက်ဖြစ်တဲ့ စိုင်းလင်းထက် ၊ မောင်မောင် တို့က ကားဂိတ်မှာ လာကြိုပါတယ်။ ဒါနဲ့ဟိုရောက်တော့ ခဏလေးနားပြီး အွန်လိုင်း ရေဒီယို အစီအစဉ်တွေ စတင်လွင့်ဖြစ်တယ်။ ညစာကို ၁၂ အချိန်မှာ စားပြီး အိပ်လိုက်တယ်။

16.2.2012 မနက်ကျရင် ပီနန်မြို့က ဘီအမ်ကို သွားမလို့စိတ်ကူး ထားတာ အိပ်လိုက်တာ နေ့လည် လောက်မှ နိုးတာ ခရီးပန်းလာလို့ ဘယ်မှ မသွားဖြစ်ဘူး ညီတွေရဲ့ စက်တွေကို ကလိဖြစ်တာ ဒါနဲ့ တစ်ရက် ဆိုတဲ့ အချိန်က ကုန်သွားပါတယ်။



17.2.2012 နေ့မှာ နေ့လည် 1 နာရီလောက်မှာ ပီနန်မြို့မှ ဘုန်းကြီးကျောင်းကို သွားဖို့အတွက် ဘလော့ကာ တစ်ယောက်ဖြစ်တဲ့ ကိုလတ်မှ အလုပ်နားလိုက်ပြီး လိုက်ပို့တယ်။ ဒါနဲ့ ဟိုဖက်ကမ်းမှာ ရှိတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းကို သွားဖို့ အတွက် ညီလေးတို့ အိမ်ကနေ ကားဂိတ်ကို ပြေးလာရတာပဲ ...



ပီနန်ကားဂိတ် ဘာတာဝပ်ကို ရောက်တော့ တစ်ခုခု ဝါးဆီးဆွဲရပေါ့။ ခရီးက သွားရဦးမယ် ၊ ကိုကြီး ကိုလတ်က မရောက်သေးဘူး ... ခဏနေတော့ ကိုလတ် ရောက်လာတော့ ဆိုင်ကယ်ကို ဒီိဖက်ကမ်းမှာ ထားခဲ့ပြီး သဘောင်္နဲ့ ဟိုဖက်ကမ်းကို ကူးရတာပဲ .... ဘလော့ကာ ကိုလတ်က ကျွန်တော်မသိတာတွေ သိချင်တာတွေကို ပြောပြပါတယ်။



ဒီနေရာလေးကတော့ ပီနန် ဘာတာဝပ် ကားဂိတ်မှ တက်လာရင် ဟိုဖက်ကမ်းကို ကူးတဲ့အခါ သဘောင်္လက်မှတ် ဝယ်တဲ့နေရာလေး ဖြစ်ပါတယ်။ မလေးရင်းဂစ် 1.20 ပါ။ ဟိုဖက်ကမ်းက သင်္ဘောမလာခင် ထိုင်စောင့်တဲ့ နေရာလေးပါ။ မထိုင်ချင်တဲ့ သူများ အနေနဲ့ ရပ်ပြီး စောင့်နိုင်ပါတယ်။ ကျွန်တော်ကတော့ မထိုင်ဖြစ်ဘူး ဓာတ်ပုံတွေ လိုက်ရိုက်နေတာ ....



ဒီ သဘောင်္တွေနဲ့ ဒီဖက်ကမ်းကနေ ဟိုဖက်ကမ်းကို ကူးရပါတယ်။ ဟိုဖက်က သဘောင်္ လာမှဒီဖက်ကမ်းက လူတွေ သွားရတာပါ။



ခဏနေတော့ ဟိုဖက်ကမ်းက သဘောင်္ လာတော့ လူတွေကားတွေ ထွက်လာနေတဲ့ပုံလေး ဖြစ်ပါတယ်။



ဒါက သဘောင်္နဲ့ ပက်သက်ပြီး ရိုက်ထားတာ အထဲကို သဘောင်္စီး ဝင်ရတုန်း ရိုက်ထားတာ



ဒါက ဟိုဖက်က ကွန်တိန်နာ ပစ္စည်းတွေ ကုန်တင် ကုန်ချ ပြုလုပ်တဲ့ နေရာလေး ဖြစ်ပါတယ်။



ဒီပုံလေးက သဘောင်္ထဲ သွားနေတုန်းမှာ ကောင်းမယ် ထင်တာလေးတွေ ရိုက်ထားတာပါ။



ဒါက ကုန်ပစ္စည်းတင်တဲ့ သဘောင်္ကို အနီးကတ် ရိုက်ထားတာပါ။



ဒါမျိုး သဘောင်္လေ ကျွန်တော်တို့ စီးရတဲ့ သဘောင်္က အရင်က ကျွန်တော်စိတ်ထင် ဟိုဖက် ဒီဖက်ကူးတဲ့ သဘောင်္လေးက သေးသေးလေးတွေ ထင်နေတာ အခုက ကြီးတာပဲဗျာ ၊ ဆိုင်ကယ်နဲ့ ကားတွေ လူတွေ တင်နေတာ အဲ သဘောင်္ကြီးက ကြီးကြီးပဲဂျာ ... ဟီး ........



ဒီပုံလေးကတော့ ညီလေး ကိုကြီး ဖြစ်တဲ့ စိုင်းလင်းထက် ၊ မောင်မောင် နဲ့ တားတား နေဇော်လင်း ဖြစ်ပါတယ်ဂျာ

မလေးရှားနိုင်ငံ ပီနန်မြို့သို့ ခရီးသွား မှတ်တမ်း ဓာတ်ပုံများ (၂) ကို ဆက်လက်စောင့်မျှော် ဖတ်ပေးပါနော် ... ကျွန်တော် အလုပ်များနေလို့ အထုမှ ဘလော့တင်ဖြစ်တာပါ။ နားလည်ပေးကြပါဂျာ ...



Malaysia News Information & Online Radio Blogger