Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Tuesday, 17 July 2012

မလေးရှားနိုင်ငံတွင် ဇူလိုင် ၁၅ရက် အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြီးစီး



၁၃၇၄ ခုနှစ် ပထမ ဝါဆိုလပြည့်ကျော် (၁၂)ရက် ၁၅.၇.၂၀၁၂ တနင်္ဂနွေနေ့တွင် ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ ဦးစီးကျင်းပသော (အာဇာနည်နေ့) အထိမ်းအမှတ် အနေဖြင့် စာပေဟောပြောပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ SM ကုန်တိုက် ၆ လွှာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။



ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းသံ ရသစုံ သတင်းနှင့် ရုပ်သံဂျာနယ်မှ စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဦးစီး တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ စာပေဟောပြောပွဲ အစီအစဉ်ကို နေ့လည် ၁၂း၀၀ အချိန်တွင် နိုင်ငံတော်သီချင်းဖြင့် စုပေါင်းသီဆိုပြီး စာပေဟောပြောပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။




အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ အစီအစဉ်အဖြစ် ပထမဆုံး ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)မှ အာဇာနည် သီချင်းသီဆိုကာ စတင်ခဲ့ပါတယ်။ သီချင်း ပြီးဆုံးသွားသည်နှင့်မြန်မာနိုင်ငံမှ အာဇာနည်များကြောင်း စာပေ ကဗျာ သုတရသများနှင့်အတူ " အယ်ဒီတာ စားပွဲပေါ်တက်လာတဲ့ မစားဘဲစွန့်သူများနဲ့ မစွန့်ဘဲစားချင်သူများ အကြောင်း " စသည့်ခေါင်းစဉ်ဖြင့် ကြွရောက်လာကြသော စာပေဝါသနာရှင်များကို ဟောပြောတင်ဆက်ပေးပြီး ဆက်လက်၍ ဆရာ အဏ္ဏဝါစိုးမိုးမှ ဆရာဖြတ်သန်းရသော ဘဝများအကြောင်း နိုင်ငံရပ်ခြားအကြောင်း သဘောင်္အကြောင်းများနှင့်အတူ " လက်ညှိုးထောင်ခိုက် ခေါင်းညိတ်လိုက်သော် ခေါင်းစဉ် " ဖြင့် စာပေချစ်ပရိသတ်များကို အားပါးတရ ဟောပြောခဲ့ပါတယ်။




ဆရာ အဏ္ဏဝါစိုးမိုး ဟောပြောပြီး အချိန်တွင် အစီအစဉ် ပထမပိုင်းအား ခဏရပ်နားပြီး ပထမပိုင်း ကံစမ်းမဲ အစီအစဉ်များကို တင်ဆက်ပေးခဲ့ပါတယ်။ ကြွရောက်လာသော ရွှေမြန်မာများအတွက် မြန်မာ့ဥယျာဉ်ကုမ္မဏီမှ လက်ဖက်ထမင်းများကို ကျွေးမွေး လှူဒါန်းလျက် ရှိနေပြီး ခေါင်းလောင်းသံ ဂျာနယ်မှ လက်ဖက်ရည်နှင့် မုန့်များ ရေသန့်များကို လှူဒါန်းကျွေးမွေးလျက် ရှိနေပါတယ်။



ဒုတိယပိုင်း အစီအစဉ် စတင်သော အချိန်မှာ ဆရာဦးဘုန်း(ဓာတု)မှ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်အကြောင်းများကို သုတရသများဖြင့် ဟောပြောခဲ့ပါတယ်။ အာဇာနည်သီချင်းကို ပရိသတ်များနှင့် အတူသီဆိုပြီး " ဇူလိုင်မိုး " ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ရာ စာပေ ချစ်ပရိတ်သတ်များ ကြိုက်နှစ်သက်ပြီး လက်ခုပ်သံများဖြင့် အားပေးခဲ့ပါတယ်။ အဝေးရောက်မြန်မာများအတွင် နောက်ဆုံး ဖြေသိမ့်လိုက် သီချင်းဖြင့် ဆရာဦးဘုန်းမှ ဂီတာတီးကာ ပရိသတ်များနဲ့ အတူပျော်ရွှင်စွာ သီဆိုပြီး အစီအစဉ် ဆရာရဲ့ ဟောပြောမှုကို ရပ်နားခဲ့ပါတယ်။



ဆက်လက်ပြီး အခုကဲ့လို့ အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ကျင်းပပေးသော ကိုညီညီ (ခေါင်းလောင်းသံဂျာနယ်) အား နောင်နှစ်တွေမှာ ဆက်လက်ပြုလုပ် နိုင်ရန်အတွက် ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်) မှ အလှူငွေ ဒေါ်လာ ၁၀၀ ကိုပေးအပ် လှူဒါန်းခဲ့ပါတယ်။ ဆက်လက်၍ ပရဟိတ ပြုလုပ်နေသာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် (ကေအယ်)အား ပရဟိတ ကိစ္စများ လုပ်ဆောင်နိုင်ရန်အတွက် အလှူငွေ ဒေါ်လာ ၁၀၀ ကိုပေးအပ် လှူဒါန်းရာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ဥက္ကဌ ကိုသက် မှလက်ခံခဲ့ပါတယ်။ ဆက်လက်၍ မလေးရှားနိုင်ငံအတွင်း နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနေသော ကပုန်း နာရေးကူညီမှု အသင်းကြီးသို့လည်း အလှူငွေ ဒေါ်လာ ၁၀၀ ကို ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်) မှပေးအပ် လှူဒါန်းခဲ့ပါတယ်။



ကိုညီညီ (ခေါင်းလောင်းသံဂျာနယ်) မှ ကျေးဇူးတင်စကား ပြောကြားရာတွင် " ကျွန်တော် ဒီလိုလုပ်ဆောင်နိုင်ဖို့ အဖေနဲ့ အမေကို မထမဆုံး ကျွန်တော် ကျေးဇူးတင်ပါတယ်။ စာပေဟောပြောအတွက် ရန်ကုန်ကနေ လိုအပ်တာလေးတွေကို ကူညီပေးတဲ့ ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ အာဇာနည်နေ့ အတွက် လာရောက်ဟောပြောပေးကြသော ဆရာ အဏ္ဏဝါစိုးမိုး ၊ ဆရာအောင်စိုးသူ ၊ ဆရာဦးဘုန်း(ဓာတု) တို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။



အခုလို စာပေဟောပြောပွဲကို လာရောက်အားပေးနားထောင်ကြသော ရွေမြန်မာများကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက် .... ကြွရောက်လာသော ပရိတ်သတ်များအား လက်ဖက်ထမင်း လာရောက် လှူဒါန်းသော မြန်မာ့ ဥယျာဉ်ကုမ္မဏီမှ ကိုစိုးသန်းကိုလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီလိုကျင်းပပြုလုပ်နိုင့်ဖို့အတွက် အဖက်ဖက်မှ ပါဝင်ကူညီလုပ်ဆောင်ပေးကြသော နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့် အဖက်ဖက်က ပါဝင်ကူညီ လုပ်ဆောင်ပေးကြသော တာဝန်ရှိသူများနှင့် သတင်း မီဒီယာများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောင်နှစ်တွေမှာလည်း ဒီလို ဆက်လက် ကျင်းပနိုင်အောင်လည်း ကျွန်တော်ကြိုးစားသွားမှာပါ " လို့ ကျေးဇူးတင် စကားများကိုပြောကြားခဲ့ပါတယ်။



ဆက်လက်ပြီး ဒုတိယပိုင်း ကံစမ်းမဲ အစီအစဉ်များကို စတင်ခဲ့ပါတယ်။ ကံစမ်းမဲ အစီအစဉ်တွင် တီရှပ် ၁၀ဆု ၊ ခေါက်ထီး ၁၀ ဆု ၊ မောရှမ်းမှ ရှိုးပွဲလက်မှတ် ၅စောင် ၊ အလှပစ္စည်း ၂ ဆု ၊ ဟမ်းဖုန်း ၁ဆု ၊ တို့ကို ကံထူးသူများကို ပေးအပ်ခဲ့ပါတယ်။ ကံစမ်းမဲပေါက်သော ကံထူးသူ ရွှေမြန်မာများအတွက် မလေးရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များမှ စပွန်ဆာအဖြစ် လက်ဆောင် ပါဝင် ကုသိုလ်ပြု နေတာကိုလည်း တွေ့ရပါသည်။ ညနေ ၆ နာရီအချိန်တွင် စာပေဟောပြောပွဲ အစီအစဉ်ကို အောင်မြင် ပျော်ရွှင်စာ ပိတ်သိမ်းခဲ့ပါသည်။



















နောက်ဆုံးရသတင်း အနေဖြင့် 14.7.2012 စနေနေ့ ညနေပိုင်းတွင် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် ရုံးခန်းသို့ သွားရောက်ပြီး ပရဟိကိစ္စများကို ဆွေးနွေး စကားပြောခဲ့ကြောင်း သိရပါတယ်။



နောက်ဆုံးရသတင်း အနေဖြင့် ဆရာအောင်စိုးသူ (အယ်ဒီတာချုပ်)မှ 16.7.2012 တနလာင်္နေ့တွင် စရိယာရာမ ဆန်းဒေးစကူးကျောင်းသို့ သွားရောက်ခဲ့ပြီး ဒေါ်လာ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။



နေဇော်လင်း

(အွန်လိုင်း ရေဒီယို မီဒီယာ မလေးရှား)

♪♫♪ 24 Hours' Live Online Radio Media (Malaysia) ♪♫♪

Wednesday, 2 May 2012

နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အစီအစဉ် မလေးရှားနိုင်ငံတွင် ပြုလုပ်ကျင်းပ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို May Day နေ့ 1.5 .2012 နေ့လေးတွင် နေ့လည် ၂ နာရီမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ (Chin Woo Stadium ) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲ အစီအစဉ်လေးမှာ အဆိုတော် Dဖြိုး၊ အောင်လ၊ ဖြိုးကြီး၊ ဟဲလေး ၊ နောနော်၊ ဆိုတေး၊ နဲ့ ဧည့်သည် အဆိုတော်အဖြစ် ဂျင်းနီ တို့က သီဆို တင်ဆက်ခဲ့ကြပါတယ်။



နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ရွှေမြန်မာလမ်းညွှန် စာအုပ်အခမဲ့ဖြန့်ဝေမှု အစီအစဉ်နဲ့ အမှတ်တရ ဂီတဖျော်ဖြေပွဲပြုလုပ်ပေးတာဖြစ်ပြီး မလေးရှားရောက် မြန်မာများအတွက် ဂီတဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ ဂန္တ၀င် စားသောက်ဆိုင်၊ အင်တာနေရှင်နယ် ဂျာနယ် နှင့် IT Garden ကွန်ပျူတာဆိုင် တို့မှ အဓိက စပွန်ဆာအဖြစ် တာဝန်ယူခဲ့ကြပါတယ်။



ကျွန်တော်တို့ မလေးရှားနိုင်ငံကို လာတဲ့ လူတော်တော်များများက ဒီမှာ အလုပ်လာလုပ်ကြတာ များပါတယ်။ အဲဒီတော့ နေ့တိုင်းလိုလို ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နေ ရတော့ ပြင်ပ ဗဟုသုတအားနည်းပြီး အားလပ်ရက်မှာ အပြင်ကို သွားမယ်လာမယ်ဆိုရင် အခက်အခဲ ရှိလေ့ရှိပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဘာလေးပဲ လိုလို မေးရမြန်းရတယ်။ဘာသာစကား အခက်အခဲ အဲသလို အခက်အခဲတွေက အများကြီးပါပဲ။


အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ နောက်မလေးရှားမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ရွှေမြန်မာလမ်းညွှန်စာအုပ်များကို လှူဒါန်းသွားဖို့ ရှိပါတယ်။ ဒီရွှေမြန်မာ လမ်းညွှန်စာအုပ်ကို ဒီနေ့ရှိုးပွဲမှာ အခမဲ့ဖရီး အနေနဲ့ လက်ဆောင်ပေးဖြစ်ပါတယ်။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မလေးရှား မြန်မာတွေအတွက် သွားလာမှု လမ်းညွန်ချက်တွေ အဆင်ပြေအောင် ပါပဲ။



ဒီနေ့ May Day အလုပ်သမားနေ့မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ က ဒီမှာ အလုပ်လာလုပ်ကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကျွန်တော်တို့ လုပ်တဲ့ပွဲကြောင့် အလုပ်သမားနေ့မှာ အပန်းပြေသွားမယ်၊ ပျော်ရွင်သွားမယ်ဆိုရင် ကျွန်တော်တို့ ၀မ်းသာရမှာပါ။ အဲဒီလို ဖြစ်လာဖို့ လည်း မျှော်လင့်မိပါတယ် ဟု ရှိုးပွဲအတွက် ဖြစ်မြောက်ရေး တာဝန်ခံဖြစ်တဲ့ IT GARDEN မှ ကိုဘိုဘိုမှ News Information & Online Radio Media (Malaysia) ဖြေကြားပေးခဲ့ပါသည်။



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ပထမဆုံး DJ အစီအစဉ်ဖြင့် စတင်ကာ နေ့လည် ၂း၀၀ အချိန်မှာ စတင်ပြီး အဆိုတော်များ အလှည့်ကျ ဖျော်ဖြေပေးကြပြီး ည(၇)နာ၇ီအချိန်တွင် ဖျော်ဖြေမှု အစီအစဉ်များကို ရပ်နားခဲ့ပါကြောင်း သိရှိရပါသည်။















www.nayzawlin.com/

News Information & Online Radio Media (Malaysia)

Friday, 20 April 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ဒုတိယအကြိမ် သွေးလှူပွဲအခမ်းအနား ကျင်းပ(မလေးရှား)



၁၇-၄-၂၀၁၂ ရက်မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် (အင်္ဂါနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။



နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က အခုဆို ဒုတိယအကြိမ်ပေါ့နော် ... ပြီးတော့ ဒီနေ့လေးဟာ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့လေးလည်း ဖြစ်ပါတယ်။ မြန်မာတွေရဲ့ လုပ်ရိုးလုပ်စဉ်အရ မြန်မာတွေရဲ့ နှစ်ဆန်းတစ်ရက်နေ့လေးမှာ ဇီဝိတဒါန အလှူအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။



ဆိုတော့ လူတွေကလည်း ဒီနေ့ ဘာခေါ်မလဲ ဒီနေ့က အလုပ်ပိတ်ရက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်မြန်မာတွေ အများကြီးလာရောက်ကြတာ မြင်တော့ တကယ်ကို ဝမ်းသာစရာကြီးပါပဲ။ ဒါပေမဲ့ ကျွန်မတို့မှာ အခက်အခဲ တစ်ခုဖြစ်တာက ဒီနေ့ ကျွန်မတို့ကို လာရောက်ပြီး သွေးဖောက်ပေးတဲ့ အဖွဲ့က မလေးရှားနိုင်ငံရဲ့ဗဟိုသွေးလှူဘဏ်က (မလေးရှား အစိုးရဆေးရုံ) သူတို့ကတော့ လူတို့လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ လုပ်ဆောင်ပေးပါတယ်။ ပထမအကြိမ်ကတော့ ပုဂ္ဂလိကဆေးရုံကဆိုတော့ အားလုံး အဆင်ပြေတယ်။ ဒီနေ့သွေးလှူကြတဲ့ သူတွေမှာ ပတ်စပိုစ့် ရှိသူပဲ ဖြစ်ရမယ်။ မဟုတ်ရင် မိတ္တူပါမှပေါ့နော် 6p ကိုင်ဆောင်ထားတဲ့ သူတွေကို သူတို့က သွေးလှူခွင့် မပေးပါဘူး လက်မခံဘူးပေါ့။ အခုသူတို့ကို ကျွန်မတို့က အားလုံးသေချာအောင် ရှင်းပြတယ်။



ကျွန်မတို့ အဖွဲ့မှာ ပါတဲ့ နာယက ဒေါက်တာ စီလေးခိုင် နဲ့ သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။ အားလုံးသေချာ ရှင်းပြတော့ ယခု 6p သမားတွေကို သူတို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ UN တို့တစ်ခြားလူတို့ကိုတော့ သူတို့ လက်မခံပါဘူး။ ဆိုတော့ ကျွန်မတို့ဆီ သွေးလာလှူတဲ့ သူတွေအများကြီးပဲ ပြန်လွတ်လိုက် ရပါတယ်။ ဒါအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တတိယအကြိမ်မှာ ကျွန်မတို့ အားလုံး အဆင်ပြေအောင် လုပ်ဆောင်ပေး သွားဖို့ရှိပါတယ် ဟု ဆရာမ ဒေါ်အေးအေးစိန်မှ ပြောပြသွားခဲ့ပါသည်။



ဒီနေ့ လုပ်ဖြစ်တဲ့ ဒုတိယအကြိမ် သွေးလှူပွဲနေ့လေးက မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ကျင်းပခွင့်ရဖို့ ကျွန်တော်တို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းခဲ့ပါတယ်။ ဒီနေ့လေးမှာ လာရောက်တဲ့ မြန်မာဦးရေ တွေကလည်း တော်တော်များပါတယ်။



လာရောက်တဲ့ လူတွေအထဲက အယောက် ၃၀၀ လောက် သွေးလှူဖို့ စရင်းပေး ထားပါတယ်။ လူဦးရေက များနေတော့ အားလုံးတော့ ပီးမှာတော့ မဟုတ်ဘူး ။ အားလုံး အဆင်ပြေအောင်တော့ လုပ်ဆောင် ပေးသွားမှာပါ။ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီး ဥက္ကဌ ဖြစ်တဲ့ ကိုသက် မှ ပြောပြပါသည်။



ဒုတိယအကြိမ် သွေးလှူပွဲကတော့ ပထမအကြိမ် သွေးလှူပွဲထက်ပိုပြီးတော့ လူတွေအများကြီး လာရောက်ကြတာကို တွေ့ရပါတယ်။ ဒီနေ့သွေးလာရောက် လှူကြတဲ့ လူဦးရေလည်း တော်တော်လေး များပါတယ်။ အရင်က ကျွန်မတို့ ခန့်မှန်းထားတာက သွေးလှူတဲ့ စရင်းကို ၁၅၀ လောက်ပဲ ခန့်မှန်းထားတာပါ။



ဒီနေ့လုပ်တဲ့ ဒုတိယအကြိမ် သွေးလှူဒါန်းပွဲ အခမ်းအနားလေးမှာတော့ ၂၉၀ ၊ ၃၀၀ လောက်ဖြစ်နေပါတယ်။ ဒီနေ့ လုပ်ဖြစ်တာက မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်သွားတော့ မလေးရှားရောက် ရွှေမြန်မာတွေကလည်း မြန်မာနှစ်ကူးဆိုတော့ လှူချင်ကြတဲ့ လူတွေကလည်း ပိုများသွားတာပါ။ ထင်ထားတာ ထက်တောင် ပိုများလာတာကို တွေ့ရပါတယ်။ သွေးလာရောက် လှူတဲ့အခါမှာ ခက်ခဲတာလေး တစ်ခုက အခုလှူလိုက်တဲ့ ဆေးရုံက ဒီနိုင်ငံက အစိုးရဆေးရုံ ဖြစ်တယ်။ ပထမအကြိမ် သွေးလှူပွဲကြတော့ ကျွန်မတို့က ပုဂ္ဂလိက ဆေးရုံဆိုတော့ ပါမတ်ရှိသူရော 6P သမားတွေ UN (ဒုက္ခသည် လက်မှတ်ကိုင်ဆောင်ထားသူ) တွေထဲမှာ ကျန်းမာရေးကောင်းတဲ့ သူတွေဆို မည်သူမဆို လှူလို့ ရပါတယ်။



ဒီတစ်ခေါက်မှာတော့ အစိုးရ ဆေးရုံဆိုတော့ ပါမစ်သမားတွေမှ လှူလို့ရပါတယ်။ ဒီနေ့လာရောက် သွေးလှူတဲ့ အထဲမှာ UN သမားတွေလည်း ပါတယ်။ သူတို့က မလှူလိုက်ရပဲ ပြန်သွားကြတာ ရှိပါတယ်။ တစ်ချို့ကြတော့ အနာဖြစ်နေတာတို့ နေမကောင်းတာတို့ ရှိနေပါတယ်။ ဆိုတော့ သူတို့တွေ သွေးမလှူလိုက်ရဘူး .... ကျန်တာတွေက အားလုံးအဆင်ပြေပါတယ်။



ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့လေးမှာ သွေးလာရောက် လှူဒါန်းကြတဲ့ ရွှေမြန်မာများ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။ လာရောက်ပြီး သွေးမလှူလိုက်ရတဲ့ သူတွေကိုလည်း ကျွန်မတို့ဖက်မှ တောင်းပန်စကားပြောလိုပါတယ်။ ဒီနေ့ပွဲလေး ဖြစ်မြောက်ဖို့အတွက် အဖက်ဖက်က အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ပါကြောင်း အမာခံအသင်းဝင် တစ်ယောက်ဖြစ်တဲ့ မစိမ်းမို့မို့ မှ ပြောသွားခဲ့ပါသည်။



သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၇-၄-၂၀၁၂ (အင်္ဂါနေ့) မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် အထိမ်းအမှတ် အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....



၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့ တာဝန်ရှိသူများမှ မိတ်ဆက် စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။


ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲ အခမ်းအနား ဓတ်ပုံများကို အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်။ အင်တာဗျုး ဖြေကြားချက်များ အသေးစိမ် မေးမြန်းမှုများကို ကျွန်တော်ရဲ့ ကိုပိုင် အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ထုပ်လွင့်ပြီးသား ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။









http://api.ning.com/files/2aOF3UepEH9Pkz0ZTjxAkuPEw9m4ALyiPZSArO8B*UknxBneVVJu1xosrFZ00KWUeISJXYw5gYpZ49J5l7qEJg__/nayzawlin11.gif












News Information & Online Radio Media (Malaysia)