Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, 3 May 2012

♥♥ဘာမှန်းကိုမသိ♥♥

တစ်ခါတစ်ရံ
အချစ်ဆိုတာ ဘာမှန်းကိုမသိ
အတူတူနေလို့ ချစ်တာလားလည်းမသိ
ပေါင်းသင်းနေရလို့ ချစ်တယ်ထင်တာလားလည်းမသိ
နီးစပ်မှုရှိလို့ ချစ်တာလားလည်း မသိ.....
အာာာာဘာမှန်းကိုမသိ....
ဒါပေမဲ့.....
ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့
မမျှော်လင့်ဘဲ တွေ့လိုက်တဲ့ အခါ
အချစ်ဆိုတာ....ဒါဘဲ
ငါချစ်တာ ဒါမဟုတ်ဘူး...ဟိုဟာ
ဒီလူမဟုတ်ပါဘူး မှားလို့....ဟိုလူ
ဘယ်သူဘယ်ဝါ
သေချာစွာခွဲခြား သိသွားတဲ့အခါ
ဘာမှလုပ်မရ
နှောင်းခဲ့လေပြီ.......
ဒါကြောင့်...
အချစ်ဆိုတာ....ဘာမှန်းကို မသိတာကမှ
ပိုကောင်းပါသေးတယ်.....ကောင်မလေးရယ်။

Sunday, 22 April 2012

မျက်ရည် ပုလဲ


လွမ်းလို့....ငိုတယ်
ငိုလို့.....မျက်ရည်ကျတယ်
ကျတဲ့မျက်ရည်သာ ပုလဲလေးတွေ ဖြစ်မယ်ဆို.....
ငါမျက်ရည် ပုလဲလေးတွေ........
မင်းအတွက် လည်ဆွဲတစ်ကုံးရနေပြီးထင်ပါရဲ့..
..
ချစ်ဆိုတာ အလွမ်းပါမှ အသက်ဝင်တယ်ပြောရင်
ငါလွမ်းလို့ ရူးနိုင်တယ်........
ပြန်လာပါတော့ချစ်သူ....
မင်းအတွက်
ငါ့ရဲ့မျက်ရည်ပုလဲလေးတွေက
သခင်မျှော်နေလေရဲ့........

လွမ်းလို့


အစကတော့ သူငယ်ချင်း
ရိုးရိုးလေးဘဲ ခင်ခဲ့တယ့်
တပတ်မကြာ အဖြစ်အပျက်က
တိုးတိုးပြီး ကြင်နာမိတော့
မမြင်ရ မနေနိုင်
တမှိုင်မှိုင် တတွေတွေ
လွမ်းမျက်ရည် ကြွေခဲ့ရင်
အပြစ်မမြင်...အပြစ်မတင်ပါနဲ့နော့်
အစဉ်အလာ မပျက်အောင်
ရက်စက်ကာ မနှင်ဘဲ
လင်း..ပြန်ချစ်ခဲ့မယ်ဆိုရင်ပေါ့
ကမ္ဘာမြေပြင်မှာ့
မောင်သာလျှင် ကံအကောင်းဆုံး
ဖြစ်မယ်ထင်မိတယ့်

Saturday, 31 March 2012

ဥယျာဉ်မှုး


မြေတွင်တူးဆွ ယုယသည့်ပန်း

မပွင့်လန်းခင် သူ၏ရင်မှာ

ကြင်နာပါ၏...။

နေလေမိုးထဲ မညှိုးနွမ်းစေ

ရွက်နုဝေအောင် ချိန်မှန်ပေါင်းသင်

နှလုံးရွှင်၏...။

နူးညံ့သည့်ပန်း သူလက်ကြမ်းနှင့်

ငွားငွားစွင့်လျှက် ပင်ထက်ပွင့်လာ

ပီတိဖြာ၏...။

ပွင့်လာသည့်ပန်း မနမ်းရက်ပါ

အလှသာကြည့် တရိပ်ရိပ်နှင့်

အိပ်မက်နေမည်...။

ပန်းပျိုးသူလက် အခူးခက်လည်း

ဆုချက်ဒဏ်သင့် ပြစ်တင်ခွင့်ပင်

မဝံ့ရဲပါ...။

ပန်းသွေးရောင်စုံ ရနံ့ထုံမှ

ခူးဆွတ်ယူပန် ကေသာဆံထက်

မြင်ရက်နေမယ်...။

သူမြတ်နိုးလို့ သူမို့ပန်လေ

တင့်တယ်နေလျှင် မျက်ရည်ကြည်နှင့်

လွမ်းဝံ့ပါရဲ့...။

သူပျိုးသည့်ပန်း တစ်ပါးနမ်းမှ

ဘယ်ဘက်ကနာ မဖြေသာလင့်

ရင်မှာနင့်၏...။

ပန်လို နမ်းလို ခူးဆွတ်လိုလျှင်

သူရင်ခွင်ထဲ နှလုံးကွဲစေ

ခွင့်ပြုနေမည်...။

သို့ပေမယ့်လေ ခူးယူခြွေချ

မြေမှာခ၍ ခြောက်သွေ့ညှိုးနွမ်း

ငိုရင်းလွမ်းပြီ...။

မပိုင်သည့်ပန်း မနမ်းရက်ပါ

မဆွတ်သာလည်း ဝမ်းမနည်းတတ်

သူ၏လက်ဝယ် နောင်ပွင့်မယ်ဆို

အမြဲလိုပင် ယုယချင်၏။

ဥယျာဉ်မှုးရင် ငါမြင်ချင်မိ

ငါဝင်ကြည့်သည် ပီတိဖြာဝေ

ရင်နွမ်းကြေလျှက် နေတတ်အမြဲ

ကျေနပ်ရဲသည့် နှလုံးလှသူ

အပူချုပ်ထိန်း အစဉ်ငြိမ်းချမ်း

စိတ်ရွှင်ဝမ်းမြောက် သေလမ်းဖြောင့်၏။

အော်.....

ဆုတောင်းတိုင်းသာ ဖြစ်ရပါလျှင်

သူ့လိုငါလည်း အမြဲအစဉ်

ဥယျာဉ်မှုးပင် ဖြစ်ချင်၏။ ။

ကိုယ့် အချစ်မှာ

အေးအေးလေးနဲ့ မင်းရဲ့ပုံစံ..
ယဉ်ယဉ်လေးနဲ့ မင်းရဲ့အလှ..
ချိုချိုလေးနဲ့ မင်းရဲ့အသံ..
ရှင်းရှင်းလေးနဲ့ မင်းရဲ့အပြော..
နွေးနွေးလေးနဲ့ မင်းရဲ့အပြုံး..
ရိုးရိုးလေးနဲ့ မင်းရဲ့ အချစ်..
ခဏလေးဖြစ်ဖြစ်..
အင်း…. ဖြစ်နိုင်ရင်တော့ တစ်သက်လုံးပေါ့..

အားလုံးကို ပိုင်ဆိုင်လိုက်ချင်ပြီ
ရည်ရွယ်တဲ့သူ မြတ်နိုးသူရယ်..
စူးစူးနစ်နစ်ချစ်မိနေတယ်..
ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာကွယ်..

ကိုယ့်အချစ်မှာ.. ဘာမှမရှိပါ..
မင်းဆီက ဘာကိုမှမလိုချင်ပါ..
မင်းအချစ်ကလွဲရင်ပေါ့လေ..
ကိုယ့်အချစ်မှာ.. ဘာမှာမပါပါ..
မင်းကိုချစ်နေတာကလွဲရင်ပေါ့လေ..

ကိုယ့်အချစ်မှာ.. ဘာရောင်မှမရှိပါ..
အဖြူထည်အချစ်ကလွဲရင်ပေါ့လေ..
ကိုယ့်အချစ်မှာ.. ဘာသံစဉ်မှာမရှိပါ..
မင်းကိုချစ်တဲ့ တေးသွားတွေကလွဲရင်ပေါ့လေ...

ကိုယ့်အချစ်မှာ... ဘာကာရန်မှာမရှိပါ..
မင်းကိုချစ်တဲ့ ကဗျာတွေကလွဲရင်ပေါ့လေ..
ဒါကြောင့် ကိုယ်အချစ်မှာ..
ရှိနေတာက မင်းတစ်ယောက်နဲ့ သက်ဆိုင်တာတွေက
လွဲရင် ဘာဆိုဘာမှမရှိဘူး ချစ်သူရယ်..
အကြွင်းမဲ့ ယုကြည်လိုက်နိုင်ပါတယ်..
လုံးဝကို ရဲရဲကြီးအာမခံတယ် တစ်သက်လုံးပါပဲကွယ်..။။။

Tuesday, 27 March 2012

ဇရပ်အိုကြီးပါ


တစ်ချိန်က

ငါ့ ကိုမှ ချစ်ပါတယ်ဆိုတဲ့ မင်း

ပြောင်းလဲခြင်းကို လက်မှာကိုင်

အတိတ်ကိုမေ့ပြီး အနာဂါတ်ထဲမှာ

အသစ်ဆိုတဲ့အရာအတွက် ရင်ခွင်ဟောင်းကို

နင်းချေခဲ့ပြီပေါ့လေ့

ရှင်သန်ခဲ့တဲ့ နှလုံးသားတစ်စုံကို

နားလည်မှုမပေးနိုင်ခဲ့ရင်တောင့့်

ပြင်းထန်တဲ့ စကားလုံးတွေနဲ့တော့

ဖောက်ခွဲ မပစ်လိုက်ပါနဲ့ဟာ့

မင်းရဲ့ ရင်ခုန်သံအသစ်အတွက်

လွတ်လပ်စွာ ပျံသန်းပါတော့ ကောင်မလေးရယ့်

ဒီရင်ခွင်ဟာ မင်းအတွက်တော့ ဇရပ်အိုကြီးပါ။

အပျံမတတ်တဲ့ ငှက်တစ်ကောင်



ဥကပေါက်ဖွား အကောင်ပေါက်ဘဝပေါ့
ငါသည် ငှက်မျိုး ပျံသန်းတတ်လေးငှဲ့....
ကောင်းကင်တစ်ခွင်...ပျံဝဲကာသွား
လိုက်ချင်
ဘယ်ဆီဘယ်ရောက် ဘယ်ကိုပေါက်ပေါက်ပေါ့.........
ကောင်ကင်ယံထက် ရောက်လုခါမှ
အောက်သိုပြုတ်ကျ ငါ.........
အပျံမသင်ခဲ့ရသေးပါလားနော်......
ဖြစ်ချင်တဲ့ဆန္ဒ တစ်ထပ်တည်းမကျတော့
ထိခိုက်ရှနာ အပွန်းအပဲ့ဒဏ်ကို
ကောင်းကောင်းကြီး ခံရကြည်သေးရဲ့
ငါဆိုသည်က
အပျံမတက်သေးတဲ့ ငှက်တစ်ကောင်ဘဲလေ...............

Sunday, 18 March 2012

ကျွန်တော်၏ သူငယ်ချင်း

ကျွန်တော်၏ သူငယ်ချင်း စိုင်းလင်းထက်သို့
သူငယ်ချင်း တောင့်တမှုတွေ ကင်းတဲ့နေ.တွေတုန်းကတောင်…
ဖြောင့်ဖြမှုဆိုတာ မလိုအပ်ပဲ…
ငါတို့…….
တစ်ယောက်ကိုတစ်ယောက် ဖေးမပြီးချစ်ခဲ့ကြသေးတယ်…
ခံစားချက်တွေကိုယ်စီ ရင်ဖွင့်…
လွတ်လပ်ခွင့်တွေကိုလည်း…
ငါတို့…….
တစ်ယောက်ကိုတစ်ယောက် ပေးခဲ့ကြသေးတယ်…
အနာဂတ်အတွက် မျှော်လင့်ခြင်းအိပ်မက်တွေကို…
လှောင်ပြောင်မှုတွေကင်းမဲ့…
ငါတို့……
တစ်ယောက်ကိုတစ်ယောက် အားကျခဲ့ကြသေးတယ်…
သူငယ်ချင်းရယ် ငါလဲနားလည်တယ်…
ဒီချိန်မှာ ငါတို့ တစ်ယောက်ကိုတစ်ယောက်….
သိပ်ကို လိုအပ်နေကြတယ်လေ…..ဒါပေမဲ့
သူငယ်ချင်းရယ် အချိန်ဆိုတာ ဒို့မှမပိုင်ကြတာ
တစ်ချိန်ချိန်တော့လည်းခွဲခွာရမှာပေါ့လေ.......

သူမသိအောင်

သူမသိအောင် ငိုခဲ့ပေမယ့်…
သူ သိစေချင်တယ်
သူ မသိအောင်လွမ်းခဲ့ပေမယ့်…
သူ သိစေချင်တယ်
သူ မသိအောင် ချစ်ခဲ့ပေမယ့်….
သူ သိစေချင်တယ်
သူမသိအောင် နာကျင်ခဲ့ရပေမယ့်…
သူ သိစေချင်တယ်
သူ မသိအောင် ခံစားခဲ့ရပေမယ့်…..
သူ သိစေချင်တယ်
နောက်ဆုံးတော့….
သူ သိသွားခဲ့ပါတယ်….
ငါ ကမချစ်တက် မလွမ်းတက် မခံစားတက်တဲ့
နှလုံးသား မရှိတဲ့ သူ….....တဲ့
ပြောရက်လိုက်တာ ချစ်ရသူရယ်........