Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts

Thursday, 3 May 2012

သူငယ်ချင်းတို့ စာနာစေချင်သည်

ဆရာဝန် တစ်ယောက်သည် အရေးပေါ် ခွဲစိတ်ကုသဖို့  လိုအပ်သဖြင့် ဆေးရုံကို အလျင်အမြန် ရောက်ရှိလာသည်။ သူသည် ဖုန်းကို ရရဖြင်း ဖြေဆို၊ အ၀တ်အစားလဲကာ ခွဲစိတ်ခန်း ကို ဦးတည်လာသည်။ ကလေး အဖေက ဟောတွင် စောင့်နေသည်ကို သူတွေ့  သည်။ သူ့  ကို တွေ့ သည်နှင့်

'ခင်ဗျား ဒီကိုရောက်ရှိလာအောင် ဘာလို့  ဒီလောက် အချိန်ယူရသလည်း။ ကျွန်တော့် သား အသက် က စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာ မသိဘူးလား။ ခင်ဗျားမှာ တာဝန်ယူလို စိတ် မရှိဘူးလား။' ဆိုပြီး စိတ်ဆိုးစွာ ပြောသည်။

ဆရာဝန်က ပြုံးပြီး အောက်က အတိုင်း ပြန်ပြောသည်။

“ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့ပေမယ့် ဖုန်းရတာနဲ့  အမြန်ဆုံး လာပါတယ်။ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လုပ်နိုင်ဖို့  ခင်ဗျား စိတ်အေးအေးထားပါ။”

“စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ခင်ဗျားသားက အဲ အရေးပေါ် အခန်းထဲမှာဆိုရင် ခင်ဗျား စိတ်ငြိမ်ငြိမ်ထားနိုင်မလား။ ခင်ဗျားသေး သေသွားရင် ခင်ဗျား ဘာလုပ်မှာလည်း။” ဟု လူနာ ဖခင်က စိတ်ဆိုးစွာ ပြန်ပြောသည်။

ဆရာဝန်က ထပ်မံ ပြုံးလိုက်ပြီး အောက်က အတိုင်း ထပ်ပြောသည်။

“ကျမ်းစာမှာ Job က လူသားတွေဟာ မြေမှုန့် ကနေ လာသလို သေတော့ မြေမှုန့်  ပြန်ဖြစ်သွားပါတယ် ဆိုပြီး ပြောပါတယ်။ ဆရာဝန်တွေက လူနာ အသက့်ကို မရှည်စေနိုင်ပါဘူး။ ခင်ဗျား သားအတွက် ဆုတောင်းပေးပါ။ ကျွန်တော်တို့  ဘုရားရဲ့  ကျေးဇူးတော် နဲ့  အကောင်းဆုံး ကြိုးစားပါ့မယ်။”

“ဒီလိုပဲ အကြံဥာဏ်ပေးတာက ခင်ဗျားထင်သလောက် မလွယ်ပါဘူး။” ဟု လူနာရှင်က ရေရွတ်သည်။

ခွဲစိတ်ကုသမှု နာရီပေါင်းများစွာ ကြာမြင့်သွားသည်။ ဆရာဝန် ပြုံးပြုံးရွှင်ရွှင် ဖြင့် ပြန်ထွက်လာကာ

“ဘုရားကျေးဇူးတော်ပဲ။ ခင်ဗျားသား အသက်ချမ်းသာရာရသွားပါပြီ။” ဆိုပြီးပြောသည်။

လူနာရှင် ဖခင် ၏ ပြန်ပြောသည့် စကားကို စောင့်ဆိုင်းမနေပဲ အလျင်စလိုဖြင့်

“တစ်ကယ်လို့  ခင်ဗျားမှာ မေးခွန်းရှိတယ်ဆိုရင် သူနာပြုကို မေးပါ။” ဟုဆိုကာ ပြေးသွားသည်။

“ဆရာဝန်က ဘာလို့  ဒီလောက်တောင် အထက်စီး ဆန်ရတာလည်းဗျာ။ သူက ကျွန်တော့် သား အခြေအနေလေး မေးဖို့  တောင် အချိန်မပေးနိုင်ဘူးလား။” ဟုဆိုပြီး သူနာပြုကို လူနာဖခင် က မေးသည်။

သူနာပြုက မျက်နှာတွင် မျက်ရည်စဖြင့် အောက်ပါ အတိုင်း ပြန်ဖြေသည်။

“သူ့ သားက မနေ့ က ကား အက်ဆီးဒန့် မှာ သေသွားပါပြီ။ ခင်ဗျားသား ရဲ့  အရေးပေါ် ခွဲစိတ်ဖို့  အတွက် ကျွန်မတို့  ဖုန်းဆက်တော့ သူဟာ ဈာပနာ အခမ်းအနားမှာ ရှိနေပါတယ်။ အခုတော့ ခင်ဗျား သား အသက်ကို သူကယ်တင်ပြီး သူ့ သား ဈာပနာ ကို ပြီးအောင် သူ ပြန်ပြေးသွားပါပြီ။”

ဘယ်တော့မှ တစ်ပါးသူကို အလျင်စလို မဆုံးဖြတ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် သူတို့  ဘ၀တွင် ဘာတွေ ဖြစ်ပျက်ပြီး ဘယ်လို ရင်ဆိုင်နေရသည်ကို သင်ဘယ်တော့မှ မသိသော ကြောင့်ဖြစ်သည်။

ဖြစ်စေချင်ပါသည်

မမ များနှင့် ညီမငယ်လေးများအတွက်
တော်ဝင်သူတို.အလှ ...... ( ခေတ်ကာလ သမီးပျိုလေးတွေ မြန်.မာ.ယဉ်ကျေးမှု ကို မြတ်နိုးလာအောင် ဟော. ဒီလိုဆွဲဆောင်ရတယ် )
မြန်မာဆိုတာရှေးတုန်းကလည်း ယဉ်ကျေးခဲ့သလို
ခုအချိန်အခါမှာလည်း ယဉ်ကျေးစေချင်သည်.....


အတုယူကြပါ ညီမလေးတို့ရယ်....

စာထဲမှာတစ်ခါဖတ်ဖူးတယ် သူ့ကျွန်ဘဝဖမ်းဆီးခံရချိန် .... တိုင်းတစ်ပါးမှာ မျက်နှာဖြူအရာရှိတွေက သူ့တပည့်တွေကို မိန်းမလိုချင်တာများ ဟော ဟိုထဲမှာ မြန်မာနန်းတွင်းသူတွေရှိနေတာပဲလို့ ဟာသလုပ်ပြီးပြောတာကိုကြားလိုက်တာနဲ့ နံရံကလက်သုံးတော်ဓားကိုထဆွဲထုတ်ခဲ့တဲ့ မိဘုရားခေါင်ကြီးစုဖုရားလတ်ဟာ ပါတော်မူလက်ထက်က မိဘုရားတစ်ပါးဖြစ်ခဲ့ပေမယ့် မြန်မာမိန်းမသားတစ်ယောက်ရဲ့ သိက္ခာတရား မာန်မာနနဲ့ သတ္တိကိုထင်ရှားစေခဲ့သူပါ ဒါတွေကို မြန်မာအမျိုးသမီးတွေ အတုယူသင့်ပါတယ် ... အားနွဲ့တယ်ဆိုပြီး ကိုယ့်စိတ်ဓာတ်ကိုယ်နှိမ့်ချဖို့မလိုပါဘူး ... မာန သိက္ခာ အရှက်တရားကိုထိပါရင် စုဘုရားလတ်လက်သုံးတော်ဓားဆွဲထုတ်သလို ဆွဲထုတ်ရင်ဆိုင်ရပါလိမ့်မယ် ... ဒါမှမြန်မာ့အမျိုးသမီးစိတ်ဓာတ်ဖြစ်ပါတယ်
အထက်ပါပြယုဂ်က စုဘုရားလတ်ရဲ့ဂူဖြစ်ပါတယ်။ 

အတုယူသင့်သည်ကို အတုယူ၍ အတုမခိုးသင့်သောအရာကို အတုမခိုးမိကြပါစေနဲ့လို့ ဆုတောင်းလျက်

မှတ်သားအပ်သော ကြိုးတစ်ချောင်း

ဆင်ထိန်းကြိုး
-------------

တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင်ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။

အဲ့ဒီမှာဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း

အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကိုထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး

ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့ ကြိုးလေး

တွေနဲ့ချည်ထားပေမယ့် ရုန်းထွက်ဖို့ မကြိုးစားကြတာလဲ။ ဆင်ထိန်းကပြန်ဖြေသတဲ့။ ကောင်းပြီ၊ ဒီဆင်တွေငယ်ငယ်

ကလေးကထဲက ဒီအရွယ်အစားကြိုးနဲ့ပဲ ချည်လာတာလေ။ အဲ့ဒီအချိန်တုန်းကတော့ ဒီဆင်ပေါက်စလေးတွေဟာ ဒီကြိုး

ကရုန်းထွက်ဖို့ အင်အားမရှိဘူးပေါ့။

ဒါပေမယ့်သူတို့ ကြီးလာတော့လည်း ဒီရုန်းမထွက်နိုင်တဲ့ အခြေအနေကို ဆက်လက်ပြီး လက်ခံကြတယ်။ ဒီကြိုးလေး

ကနေ သူတို့ ရုန်းမထွက်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ မရုန်းကြတော့တာပေါ့ ပြန်ဖြေပါသတဲ့။

လူငယ်ကလေးလည်း တော်တော်ကို အံအားသင့်သွားပြီးဒီယုံကြည့်မှု့ကြောင့် ဒီဆင်တွေက ရုန်းဖို့ ထပ်မကြိုးစားကြ

တော့ပဲ ဒီလိုနေရာမှာပဲ နေကြရတယ်ပေါ့။ အဲ့ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း အဖြစ်နိုင်ဘူးလို့ယုံကြည့်ထားတဲ့

အရာတွေအောက်မှာ ဘယ်နှစ်ယောက်လောက် ပိတ်မိနေပြီလဲ? သေချာတာကတော့ သူတို့တွေဟာ ပထမဆုံးအကြိမ်
မှာ ရှုံးနိမ့်မှုကိုကြုံတွေ့ခဲ့ကြရလို့ပါ။


ရှုံးနိမ့်မှု့ဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီးသင်ယူဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေဟာဘယ်တော့မှ လက်မြှောက်အရှုံးပေးလို့ မရပါဘူး။ ဒါမှ နောက်ထပ် နောက်ထပ်သော စိန်ခေါ်မှု့

တွေကို ရင်ဆိုင်နိုင်မှာပါ။ လမ်းလျှောက်ရင် လဲမှာကြောက်လို့ လမ်းမလျှောက်ရဲ့တဲ့ကလေးငယ်ဟာ ဘယ်တော့မှ

လမ်းလျှောက်တပ်လာမှာမဟုတ်ပါဘူး။ လဲရင်ပြန်ထ နောက်ထပ်တစ်လှမ်း၊ နောက်ထပ်တစ်လှမ်းနှင့်အောင်မြင်မှု့

ပန်းတိုင်ဆီကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။ တစ်နေ့ သင်လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာကြုံတွေ့

ခဲ့ရတဲ့၊ အောင်မြင်စွာကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲမှတ်တိုင်တွေကို ပြန်ကြည့်ရတာလောက်ချိုမြိန်တဲ့ ကျေနပ်မှု့မျိုးဟာဘာနှင့်မှ မလဲနိုင်ပါဘူး။

Sunday, 18 March 2012

ခေတ်သစ်၏ အဇာတသတ်

အကိုတစ်ယောက် facebook ၌တင်ထားသောပို့လ်လေးဖြစ်ပါသည် ဖတ်သင့်သည်ထင်၍တင်ထားခြင်းဖြစ်သည်။
ခေတ်သစ် အဇာတသတ်.........

ကျနော် အိမ်ဘေးနားကို မိသားစုတစ်စုပြောင်းလာတယ်။ သူတို့ကဆိုင်ကယ်အပို ပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ထားကြတယ်။ သူတို့နဲ့အတူ အိမ်ပြောင်းလာတော့ အဘွားအိုတစ်ယောက်ပါလာတယ်။ ကျနော် ရေခပ်တိုင်း၊ ခြံကကပ်နေတော့ သူတို့ အိမ်ဘက်ကိုမြင်နေရတယ်လေ။ ကျနော်ကြည့်လိုက်တိုင်း အဘွားအို ကိုပဲအိမ်နောက်ဘက်မှာ တုန်တုန်ချည့်နဲ့ နေတဲ့လက်တွေနဲ့ အ၀တ်တွေလျှော်နေတာကိုပဲ တွေ့ရတာများတယ်။ တစ်နေ့တော့ ကျနော်မနေနိုင်တော့ဘူး “ အဘွား အိမ်မှာ အ၀တ်လျှော်မယ့် သူတွေမရှိဘူးလားလို့” မေးတော့ “ ငါမြေးရယ် အိမ်မှာ သမီးနဲ့ သားမက် ပဲရှိတယ် သူတို့ကမအားကြဘူးလေ” လို့ပြောတော့ “ကျနော် အဘွား အ၀တ်တွေကို ကူလျှော်ပေးပါရစေလို့” ပြောပြီးကျနော် လျှော်ပေးခဲ့ပါသေးတယ်။
နောက်ပိုင်းတော့ ကျနော် သင်တန်း(၁)နှစ်လောက်၊ သွားတတ်ရပါတယ်။ ကျနော် ရန်ကုန်ပြန်ရောက်တော့ အိမ်ဘေးနားက အဘွားအို ကိုမတွေ့ရတော့ပါဘူး။ ကျနော် အမတွေကိုမေးကြည့်တော့ အဘွားအိုဆုံးသွားပြီးတဲ့လေ....။ကျနော် စိတ်ထဲမကောင်းဖြစ်သွားလိုက်တာ။ အမတွေကိုမေးကြည့်တော့ သူ့သမီးနဲ့ သားမက် နှိပ်စက်လို့ သေသွားတာတဲ့။ ကျနော် အရမ်းအံ့သြသွားတယ်။ ကျနော်ရှိနေတဲ့ အချိန်တုန်းက အဘွားအိုကို နှိပ်စက်တာမှမတွေ့ရတာ။ ဘယ်လိုတွေနှိပ်စက်လို့ သေသွားတာလဲလို့ အမကိုမေးတော့၊ အမကပြောပြတယ်။ အဘွားအို ဟာနေ့တိုင်း သမီးနဲ့ သားမက် မရှိတဲ့ အချိန်တွေမှာမှ သူ့ရဲ့ အင်္ကျီတွေကို မသိအောင်လျှော်ရတာတဲ့၊ အသက်ကြီးတော့ ဆီး၊၀မ်း မနိုင်တာတွေဖြစ်တော့ အ၀တ်တွေမှာပေတတ်တာပေါ့။ ဒါကို သမီးနဲ့ သားမက်က အိမ်မှာ ညစ်ပတ်လို့ကတော့ အိမ်ပေါ်မှာမနေနဲ့ အိမ်အောက်မှာနေလို့ပြောတယ်တဲ့၊ အဘွားအိုဟာ သမီးနဲ့ သားမက်မသိအောင်လို့ သူတို့သွားချိန်မှ အ၀တ်လေးတွေကို တိတ်တိတ်လေးလျှော်ခဲ့တာ။ နောက်တော့ ကျမ်းမာရေးမကေင်းဖြစ်လာတယ်တဲ့၊ အဲ့ဒီအချိန်တွေမှာ ဆေးမကုပေးတဲ့ အပြင် အမေကို ဆဲဆိုကြိမ်းမောင်းပြီး အိမ်နောက်ဘေးက ဂိုထောင်အပျက်လေးထဲမှာ ပြစ်ထားကြတယ်တဲ့၊ ထမင်းစားချိန်ဆို ကော်ဗလုံထဲမှာ ထည့်ပြီး ဂိုထောင်ပေါက်ဝမှာ သွားချထားတယ်။ အဘွားအိုဟာ ၀ါးကွပ်ပြစ်လေးပေါ်မှာ ဝေဒနာကို ခံစားနေခဲ့ရတယ်။ အဲ့အချိန်ကဆို အိမ်နီးနားတွေက မနေနိုင်လို့ သွားပြီးပြုစုကြရင် အဘွားအို ကိုပိုနှိပ်စက်လို့နောက်ပိုင်း ဘယ်သူမှ မသွားရဲကြတော့ဘူးတဲ့။ ညဘက်ဆို ချမ်းတော့ အဘွားအိုက ညည်းရင်တောင် အိမ်ပေါ်ကနေ ရေနဲ့လှမ်းပတ်ပါတယ်။ နောက်တော့ အဘွားအို ဟာအိပ်ယာပေါ်မှာ အချိန်ကြာကြာနေရတော့ ကျောမှာ အပူနာတွေပေါက်တော့ အနာတွေဖြစ် အရမ်းစိုးဝါးတဲ့ဝေဒနာတွေကို ခံစားရပြီးသေသွားခဲ့ရတာတဲ့။ အမပြောတာတွေကိုနားထောင်ရင်း ကျနော် မျက်လုံးကထွက်တဲ့မျက်ရည်ထက် ရင်ထဲမှာမကောင်းတာကပိုတယ်ဗျာ။အရမ်းခံစားရတယ်။ ရက်စက်လိုက်ကြတာဗျာ၊ ကိုယ့်ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှသစ် လူဖြစ်အောင်ကျွေးမွေးခဲ့တဲ့ အမေကို အခုလိုမျိုးလုပ်ရက်တဲ့ သားသမီးတွေကို ကျနော်အရမ်းအံ့သြသွားတယ်။ နောက်ပြီး မိဘအပေါ် မကောင်းတာတောင်မှ သား၊သမီးတွေကို အပြစ်မမြင်ခဲ့ရှာဘူး။ ပတ်ဝန်းကျင်က အပြစ်မမြင်အောင် အပြုံးမပျက်ကာကွယ်ပြောသွားခဲ့တယ်။ အဘွားအိုတစ်ယောက် ဝေဒနာထက် နှလုံးသားမှာ ဘယ်လောက်အထိခံစားသွားရမလဲ ဆိုတာတော့ ကျနော် တွေးကြည့်တာတော့ ရင်ထဲမှာ မခံစားနိုင်အောင်ဖြစ်ရပါတယ်။
ကျနော် တို့ မိဘတွေကို မသေခင်အချိန် အထိကျနော်တို့ မောင်နှမ ကောင်းကောင်းပြုစုနိုင်ခဲ့ပါတယ်။ ဒါတောင်ကျနော်တို့ မိဘကျေးဇူးကို ကျေပြီလို့ မဟစ်ကြွေးရဲခဲ့ပါဘူး။ ကျနော်ပြောချင်တာတော့
မိဘ သက်ရှိထင်ရှားရှိချိန်တွေ မှာမိဘကျေးဇူးကို ဆပ်နှိုင်သော သားသမီးကောင်းတွေဖြစ်အောင် နေနိုင်ကြပါစေလို့ ..................။

Ps. (ကိုယ်တွေ့ အဖြစ်မှန်လေးပါ)