Showing posts with label ဆော့ဝဲလ်. Show all posts
Showing posts with label ဆော့ဝဲလ်. Show all posts

Sunday, 18 March 2012

အားလုံးအတွက် အသုံးဝင်စေမဲ့ Picasa Software Download



ဒီတစ်ခါ ကွန်ပျူတာသုံးနေသော သူငယ်ချင်းများ အတွက် Picasa Software လေး လက်ဆောင် ပေးချင်ပါတယ်။ သိတဲ့သူတွေ များနေပါပြီ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။ ဒီ Software လေးက မိမိရဲ့ စက်ထဲက ဓာတ်ပုံတွေကို တစ်နေရာထဲမှာ အလွယ်တကူ စုပေးထားတဲ့ Software လေးပါ။ ဒီကောင်လေးက ဓာတ်ပုံတွေ ပြင်တာ အလင်းအမှောင် ချိန်တာတွေ ဓာတ်ပုံပေါ်မှာ နာမည်ရေးချင်သူတွေ ဓာတ်ပုံအများကြီးကို တစ်ပုံတည်း ဖြစ်အောင်လည်း လုပ်လို့ရတယ်။

ပြီးတော့ ဒီကောင်လေးနဲ့ စလိုက်ရှိုးလေး လုပ်ပြီး youtube ပေါ်တင်လည်း ရတယ်။ ကင်မရာနဲ့ ချိန်ပြီး ဓာတ်ပုံရိုက်မယ် ဆိုလည်း အဆင်ပြေတယ်။ ဒီ Software လေးနဲ့ ဓာတ်ပုံကို ကြည့်လို့လည်း ကောင်းတယ်။ ကွန်ပျူတာထဲက ပုံတွေကြီးကြီး သေးသေး ဆွဲကြည့်လို့လည်း ကောင်းတယ်။

တစ်ခြား ကောင်တွေနဲ့ မတူဘူး အားလုံးအတွက် အဆင်ပြေတယ် သုံးရတာလည်း အရမ်းလွယ်တယ်။ ခက်တာတွေ မပါဘူး ကွန်ပျူတာ စသုံးတဲ့ သူငယ်ချင်းများ အတွက် ကလိဖို့ကောင်းတဲ့ ဆော့ဝဲလေး တစ်ခုပါ။ ဘာကီးမှ မလိုဘူး ဖရီးပေးတယ်။ ထွက်တာက ကြာနေပီ အဟောင်းထဲက တောင်းထားတဲ့ သူငယ်ချင်းတွေ အတွက် တင်ပေး လိုက်တာပါ။ Windows XP/Vista/7 သုံးလို့ အဆင်ပြေတယ်။လိုရင်တော့ အောက်မှာ ဆွဲသွားပြီး စက်ထဲ အင်စတော လုပ်ပြီး ကလိပေတော့ဗျာ ....





Free virus software key (ကိုယ်ပိုင် ကွန်ပျူတာ သုံးနေသော သူငယ်ချင်းများ အတွက်)



ကွန်ပျူတာ သုံးနေသောလူတိုင်းအတွက် virus software လေးတစ်ခု ပေးချင်ပါတယ်။ သိတဲ့လူတွေ မပါဘူးနော် ... မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ။

Avast! Free Antivirus လေးကို ကျွန်တော်သုံးနေတာ ကြာနေပီ။ အခုမှ လမ်းကြုံလို့ တင်ပေးဖြစ်တာပါ။ ဟိုနေ့က သူငယ်ချင်းဆီ အလည်သွားတော့ သူစက်မှာ ထည့်ထားတဲ့ virus software က ခဏခဏ Update လုပ်ပေးနေရတယ်။ ဒါနဲ့ ကျွန်တော်လည်း ငါသုံးနေတဲ့ Avast! Free Antivirus လေးသုံးကြည့်ပါလား ဆိုပြီး ထည့်ပေးလိုက်တယ်။ သူလည်း ကြိုက်သွားတယ်။

ဒီ Avast! Free Antivirus လေးက တကယ်ကောင်းပါတယ်။ ပိုက်ဆံပေးပြီး ဝယ်သုံးစရာ မလိုပါဘူးနော် သူငယ်ချင်းတွေလည်း လိုချင်တယ် ဆိုရင် Avast! Free Antivirus software ကို ဒီမှာဒေါင်းပြီး စက်ထဲရောက်တာနဲ့ install လုပ်ပီး KEY လေးထည့်လိုက်ပါ။ KEY ရှာပြီးတင်ပေးထားပါတယ်။ 2038 အထိဖရီး သုံးနိုင်ပါတယ်ဗျာ ...

KEY မထည့်တတ်သော သူငယ်ချင်းများအတွက် Video ဖိုင်လေးလည်း တင်ပေးထားပါတယ်။ သေချာအောင် ကြည့်ပြီး လုပ်နော် ... Avast! Free Antivirus software ကို ဒီမှာ ဒေါင်းပါ။ ကီးကို အောက်မှာ ယူပြီးထည့်လိုက်နော်။



ကွန်ပျူတာ သုံးနေသော သူငယ်ချင်းများ Virus ကင်းဝေးပြီး အဆင်ပြေပြေ သုံးနိုင်ကြပါစေဗျာ။

http://api.ning.com/files/vjQZEULOHk8k1*rzdqqTXgVfMd36JHpNScWl*bwaMT7SWwaR*69hzIaSOIW31WAyiA8cer6QPCk*a-7xJ7IroUyWvJqg9B59/agmisc3.gif


နေဇော်လင်း

12.8.2011

12:50 AM