Thursday, 3 May 2012

အတုယူကြပါ ညီမလေးတို့ရယ်....

စာထဲမှာတစ်ခါဖတ်ဖူးတယ် သူ့ကျွန်ဘဝဖမ်းဆီးခံရချိန် .... တိုင်းတစ်ပါးမှာ မျက်နှာဖြူအရာရှိတွေက သူ့တပည့်တွေကို မိန်းမလိုချင်တာများ ဟော ဟိုထဲမှာ မြန်မာနန်းတွင်းသူတွေရှိနေတာပဲလို့ ဟာသလုပ်ပြီးပြောတာကိုကြားလိုက်တာနဲ့ နံရံကလက်သုံးတော်ဓားကိုထဆွဲထုတ်ခဲ့တဲ့ မိဘုရားခေါင်ကြီးစုဖုရားလတ်ဟာ ပါတော်မူလက်ထက်က မိဘုရားတစ်ပါးဖြစ်ခဲ့ပေမယ့် မြန်မာမိန်းမသားတစ်ယောက်ရဲ့ သိက္ခာတရား မာန်မာနနဲ့ သတ္တိကိုထင်ရှားစေခဲ့သူပါ ဒါတွေကို မြန်မာအမျိုးသမီးတွေ အတုယူသင့်ပါတယ် ... အားနွဲ့တယ်ဆိုပြီး ကိုယ့်စိတ်ဓာတ်ကိုယ်နှိမ့်ချဖို့မလိုပါဘူး ... မာန သိက္ခာ အရှက်တရားကိုထိပါရင် စုဘုရားလတ်လက်သုံးတော်ဓားဆွဲထုတ်သလို ဆွဲထုတ်ရင်ဆိုင်ရပါလိမ့်မယ် ... ဒါမှမြန်မာ့အမျိုးသမီးစိတ်ဓာတ်ဖြစ်ပါတယ်
အထက်ပါပြယုဂ်က စုဘုရားလတ်ရဲ့ဂူဖြစ်ပါတယ်။ 

အတုယူသင့်သည်ကို အတုယူ၍ အတုမခိုးသင့်သောအရာကို အတုမခိုးမိကြပါစေနဲ့လို့ ဆုတောင်းလျက်

မှတ်သားအပ်သော ကြိုးတစ်ချောင်း

ဆင်ထိန်းကြိုး
-------------

တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင်ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။

အဲ့ဒီမှာဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။ သူငယ်လေးလည်း

အံသြသွားပါတယ်။ ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကိုထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး

ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။ ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

ဒါနဲ့ လူငယ်လေးဟာ အနီးမှာရှိတဲ့ ဆင်ထိန်းကိုမေးသတဲ့။ ဘာဖြစ်လို့ ဒီဆင်တွေဟာ ဒီလောက် သေးတဲ့ ကြိုးလေး

တွေနဲ့ချည်ထားပေမယ့် ရုန်းထွက်ဖို့ မကြိုးစားကြတာလဲ။ ဆင်ထိန်းကပြန်ဖြေသတဲ့။ ကောင်းပြီ၊ ဒီဆင်တွေငယ်ငယ်

ကလေးကထဲက ဒီအရွယ်အစားကြိုးနဲ့ပဲ ချည်လာတာလေ။ အဲ့ဒီအချိန်တုန်းကတော့ ဒီဆင်ပေါက်စလေးတွေဟာ ဒီကြိုး

ကရုန်းထွက်ဖို့ အင်အားမရှိဘူးပေါ့။

ဒါပေမယ့်သူတို့ ကြီးလာတော့လည်း ဒီရုန်းမထွက်နိုင်တဲ့ အခြေအနေကို ဆက်လက်ပြီး လက်ခံကြတယ်။ ဒီကြိုးလေး

ကနေ သူတို့ ရုန်းမထွက်နိုင်ဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ မရုန်းကြတော့တာပေါ့ ပြန်ဖြေပါသတဲ့။

လူငယ်ကလေးလည်း တော်တော်ကို အံအားသင့်သွားပြီးဒီယုံကြည့်မှု့ကြောင့် ဒီဆင်တွေက ရုန်းဖို့ ထပ်မကြိုးစားကြ

တော့ပဲ ဒီလိုနေရာမှာပဲ နေကြရတယ်ပေါ့။ အဲ့ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း အဖြစ်နိုင်ဘူးလို့ယုံကြည့်ထားတဲ့

အရာတွေအောက်မှာ ဘယ်နှစ်ယောက်လောက် ပိတ်မိနေပြီလဲ? သေချာတာကတော့ သူတို့တွေဟာ ပထမဆုံးအကြိမ်
မှာ ရှုံးနိမ့်မှုကိုကြုံတွေ့ခဲ့ကြရလို့ပါ။


ရှုံးနိမ့်မှု့ဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီးသင်ယူဖို့ သင်ခန်းစာတစ်ခုသာ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေဟာဘယ်တော့မှ လက်မြှောက်အရှုံးပေးလို့ မရပါဘူး။ ဒါမှ နောက်ထပ် နောက်ထပ်သော စိန်ခေါ်မှု့

တွေကို ရင်ဆိုင်နိုင်မှာပါ။ လမ်းလျှောက်ရင် လဲမှာကြောက်လို့ လမ်းမလျှောက်ရဲ့တဲ့ကလေးငယ်ဟာ ဘယ်တော့မှ

လမ်းလျှောက်တပ်လာမှာမဟုတ်ပါဘူး။ လဲရင်ပြန်ထ နောက်ထပ်တစ်လှမ်း၊ နောက်ထပ်တစ်လှမ်းနှင့်အောင်မြင်မှု့

ပန်းတိုင်ဆီကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။ တစ်နေ့ သင်လျှောက်လှမ်းခဲ့တဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာကြုံတွေ့

ခဲ့ရတဲ့၊ အောင်မြင်စွာကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲမှတ်တိုင်တွေကို ပြန်ကြည့်ရတာလောက်ချိုမြိန်တဲ့ ကျေနပ်မှု့မျိုးဟာဘာနှင့်မှ မလဲနိုင်ပါဘူး။

♥♥ဘာမှန်းကိုမသိ♥♥

တစ်ခါတစ်ရံ
အချစ်ဆိုတာ ဘာမှန်းကိုမသိ
အတူတူနေလို့ ချစ်တာလားလည်းမသိ
ပေါင်းသင်းနေရလို့ ချစ်တယ်ထင်တာလားလည်းမသိ
နီးစပ်မှုရှိလို့ ချစ်တာလားလည်း မသိ.....
အာာာာဘာမှန်းကိုမသိ....
ဒါပေမဲ့.....
ကိုယ်တစ်ကယ်ချစ်တဲ့သူနဲ့
မမျှော်လင့်ဘဲ တွေ့လိုက်တဲ့ အခါ
အချစ်ဆိုတာ....ဒါဘဲ
ငါချစ်တာ ဒါမဟုတ်ဘူး...ဟိုဟာ
ဒီလူမဟုတ်ပါဘူး မှားလို့....ဟိုလူ
ဘယ်သူဘယ်ဝါ
သေချာစွာခွဲခြား သိသွားတဲ့အခါ
ဘာမှလုပ်မရ
နှောင်းခဲ့လေပြီ.......
ဒါကြောင့်...
အချစ်ဆိုတာ....ဘာမှန်းကို မသိတာကမှ
ပိုကောင်းပါသေးတယ်.....ကောင်မလေးရယ်။

Wednesday, 2 May 2012

နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အစီအစဉ် မလေးရှားနိုင်ငံတွင် ပြုလုပ်ကျင်းပ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို May Day နေ့ 1.5 .2012 နေ့လေးတွင် နေ့လည် ၂ နာရီမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ (Chin Woo Stadium ) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲ အစီအစဉ်လေးမှာ အဆိုတော် Dဖြိုး၊ အောင်လ၊ ဖြိုးကြီး၊ ဟဲလေး ၊ နောနော်၊ ဆိုတေး၊ နဲ့ ဧည့်သည် အဆိုတော်အဖြစ် ဂျင်းနီ တို့က သီဆို တင်ဆက်ခဲ့ကြပါတယ်။



နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ရွှေမြန်မာလမ်းညွှန် စာအုပ်အခမဲ့ဖြန့်ဝေမှု အစီအစဉ်နဲ့ အမှတ်တရ ဂီတဖျော်ဖြေပွဲပြုလုပ်ပေးတာဖြစ်ပြီး မလေးရှားရောက် မြန်မာများအတွက် ဂီတဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ ဂန္တ၀င် စားသောက်ဆိုင်၊ အင်တာနေရှင်နယ် ဂျာနယ် နှင့် IT Garden ကွန်ပျူတာဆိုင် တို့မှ အဓိက စပွန်ဆာအဖြစ် တာဝန်ယူခဲ့ကြပါတယ်။



ကျွန်တော်တို့ မလေးရှားနိုင်ငံကို လာတဲ့ လူတော်တော်များများက ဒီမှာ အလုပ်လာလုပ်ကြတာ များပါတယ်။ အဲဒီတော့ နေ့တိုင်းလိုလို ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နေ ရတော့ ပြင်ပ ဗဟုသုတအားနည်းပြီး အားလပ်ရက်မှာ အပြင်ကို သွားမယ်လာမယ်ဆိုရင် အခက်အခဲ ရှိလေ့ရှိပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဘာလေးပဲ လိုလို မေးရမြန်းရတယ်။ဘာသာစကား အခက်အခဲ အဲသလို အခက်အခဲတွေက အများကြီးပါပဲ။


အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ နောက်မလေးရှားမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ရွှေမြန်မာလမ်းညွှန်စာအုပ်များကို လှူဒါန်းသွားဖို့ ရှိပါတယ်။ ဒီရွှေမြန်မာ လမ်းညွှန်စာအုပ်ကို ဒီနေ့ရှိုးပွဲမှာ အခမဲ့ဖရီး အနေနဲ့ လက်ဆောင်ပေးဖြစ်ပါတယ်။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မလေးရှား မြန်မာတွေအတွက် သွားလာမှု လမ်းညွန်ချက်တွေ အဆင်ပြေအောင် ပါပဲ။



ဒီနေ့ May Day အလုပ်သမားနေ့မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ က ဒီမှာ အလုပ်လာလုပ်ကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကျွန်တော်တို့ လုပ်တဲ့ပွဲကြောင့် အလုပ်သမားနေ့မှာ အပန်းပြေသွားမယ်၊ ပျော်ရွင်သွားမယ်ဆိုရင် ကျွန်တော်တို့ ၀မ်းသာရမှာပါ။ အဲဒီလို ဖြစ်လာဖို့ လည်း မျှော်လင့်မိပါတယ် ဟု ရှိုးပွဲအတွက် ဖြစ်မြောက်ရေး တာဝန်ခံဖြစ်တဲ့ IT GARDEN မှ ကိုဘိုဘိုမှ News Information & Online Radio Media (Malaysia) ဖြေကြားပေးခဲ့ပါသည်။



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ပထမဆုံး DJ အစီအစဉ်ဖြင့် စတင်ကာ နေ့လည် ၂း၀၀ အချိန်မှာ စတင်ပြီး အဆိုတော်များ အလှည့်ကျ ဖျော်ဖြေပေးကြပြီး ည(၇)နာ၇ီအချိန်တွင် ဖျော်ဖြေမှု အစီအစဉ်များကို ရပ်နားခဲ့ပါကြောင်း သိရှိရပါသည်။















www.nayzawlin.com/

News Information & Online Radio Media (Malaysia)

Friday, 27 April 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူးသတိပေးချက် ( ၄)

<

အ ထူး သ တိ ပေး အပ် ပါ သည် ....

မလေးရှားရောက် ရွှေမြန်မာများအတွက် သတိပေးချက် အမှတ်စဉ် (၄) မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံ အတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ နိုင်ငံခြားသားများ စည်ကားသော နေရာများနှင့် မြန်မာဆိုင်များအား အဓိက ပစ်မှတ်ထား စောင့်ကြည့်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ (မခိုင်လုံသူ) အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် ဘေးရန်ကင်းဝေး စေရန်အတွက် အထူးသတိပေး အပ်ပါသည်။ ဆက်လက်၍ နောက်ရရှိလာသော သတင်းများကို အချိန်မှီ တင်ဆက်ပေးသွားပါမည်။

ယခု အရေးပေါ် သတင်းအရ မလေးရှားရုပ်သံလိုင်း TV3 မှလည်း အော်ပရာဇီ အစီအစဉ်များ စတင်မည် ဖြစ်ကြောင်း သတင်းထုပ်ပြန်ထားပါသည်။ မေလအတွင်း မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင် သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ 24 ရက်နေ့က ကေအယ် မာဒေးကားကွင်း နှင့် ၎င်း အနီးတစ်ဝိုက်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဟု သတင်းပေးချက်များ အရ သိရှိရပါသည်။ ယခု ကလန်းမြို့နှင့် နယ်မြို့များ နေရာ တစ်ဝိုက်တွင် (နိုင်ငံခြားသားများ ရောင်းချနေသာ ဆိုင်များသို့ ) စည်ပင် ရေလာများ ရဲများက စောင့်ကြည့်မှုများ နှင့် အရပ်ဝတ်ဖြင့် လှည့်လည်နေကြောင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။ မထင်မှတ်သော အချိန်များတွင် ရှောင်တခင် ဝင်ရောက် ဖမ်းဆီး စစ်ဆေးမှုများ ရှိနိုင်ပါသည်။

ယခု 6P ကိစ္စများ နဲ့ ယခု 6P ကိစ္စများ 6 လပိုင်းအထိ တိုးမြင့်ထားခြင်း စသည်များနှင့် ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော် သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ဖုန်း = +6010 2148 677 နှင့် အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိ သိရှိတာ တင်ပြသင့်တာကို အကူအညီပေး သတင်းပေး အကြံညဏ်ပေး နိုင်ပါသည်။

Nay Zaw Lin 1



http://www.nayzawlin.com/search/label/Malaysia

News Information & Online Radio Media (Malaysia)

Wednesday, 25 April 2012

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ကြီးနှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး

မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက်ပါလာပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့တော်မှာ တည်ရှိတဲ့ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး နိုင်ငံတကာမှ စာဖတ်သူ မိတ်ဆွေများကို အသေးစိပ် အချက်အလက်များ သိနိုင်ဖို့ အတွက် အင်တာဗျူး အစီအစဉ်လေးနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သွေးသည်အသက် ၊ အသက်သည်သွေး ဖြစ်သကဲ့သို့ လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မှီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့ကြီးအား တည်ထောင်ထားပြီး စတင်တည်ထောင်ပြီး မကြာမီ အချိန်တွင် နာရေးကိစ္စများ ၊ လိုအပ်သော ပရဟိတကိစ္စများ နှင့် သွေးလှူဒါန်းကိစ္စများကို ကူညီလုပ်ဆောင်လျက် ရှိပါသည်။

ပထမအကြိမ် ၊ ဒုတိယအကြိမ်များကို လုပ်ဆောင်လှူဒါန်းမှုများနဲ့ လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများကို လုပ်ဆောင်လျှက်ရှိနေပြီး မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားလုံးအတွက် အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။ နှလုံးလှ ပရဟိတ သွေးလှူရှင် အဖွဲ့ကြီးနဲ့ တွေ့ဆုံပြီး အင်တာဗျုးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။ အင်တာဗျူး မေးမြန်းမှုများကို အသေးစိပ်ဖတ်နိုင်ရန် အောက်ပါပုံလေးပေါ်တွင် တစ်ချက်နှိပ်၍ ဖတ်နိုင်ပါသည်။

http://api.ning.com/files/T6RCS6czGyK5oLrnJ0n8emRi-HxRh3jeHoAHQ9Lr6-1TTJTbCkaXQ8dkHtpJStzvICsDq0e4oS6mIczC*81hwWK2oJyiiVvf/nayzawlin111.gif

Sunday, 22 April 2012

ဘီးဂိတ်စ်နဲ့ စားပွဲထိုး


တစ်နေ့သောအခါ ဘီးဂိတ်စ်ဟာ စားသောက်ဆိုင် တစ်ဆိုင်ကို သွားရောက်ခဲ့တယ်။ စားသောက်ပြီးနောက် စားပွဲထိုးကို ၅ဒေါ်လာ ဘောက်ဆူးပေးတယ်။ အဲ့ဒီဘောက်ဆူးရပြီး စားပွဲထိုးရဲ့ မျက်နှာ အမူအရာ တမူထူးခြားသွားခဲ့တယ်။ ဒါကို ဘီးဂိတ်စ်က ရိပ်မိပြီး "ဘာဖြစ်လို့လဲ"လို့ မေးလိုက်ပါတယ်။
စားပွဲထိုးက " ကျနော် အံ့သြနေလို့ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစားပွဲမှာပဲဗျ၊ ခင်ဗျားသားက ကျနော့်ကို ဒေါ်လာ ၅၀၀ ဘောက်ဆူး အနေနဲ့ ပေးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေဖြစ်တဲ့ ခင်ဗျားက ၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ခင်ဗျားက ကျနော့်ကို ၅ ဒေါ်လာပဲ ဘောက်ဆူးအနေနဲ့ ပေးတာကြောင့်ပါ။ "လို့ ပြောတော့,,,,,,,,,,,,,,
ဘီးဂိတ်စ်က ပြုံးပြီး "အေး ငါ့သားက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးရဲ့သား ဆိုတာ မှန်တယ်၊ ဒါပေမယ့် ငါကတော့ သူ့လို မဟုတ်ဘူး သစ်ခုတ်သမားရဲ့ သားပါ" လို့ အဓိပ္ပာယ်ရှိသော စကားလုံးများဖြင့် စားပွဲထိုးကို ပြန်ပြောသွားခဲ့တယ်။

သတိထားသင့်သော မိန်းကလေးများ၏ ညို့ချက် (၈)ချက်

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

... ညို့ချက် (၂)

တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)

တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)

တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)

ညို့ချက် (၆)

မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)

မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)

အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေးပြေးတွေ့လိုက်ကြပေါ့ဗျာ..